မကြာခဏမေးလေ့ရှိသောမေးခွန်းများ

အိုင်အယ်(လ်)အို (မြန်မာ) က သင်ကြားပို့ချမယ့် အွန်လိုင်းသင်ခန်းစာတွေဟာ ဘယ်သူတွေ အတွက်လဲ။

ဘယ်သူမဆို စာရင်းပေးသွင်းလို့ရပါသလား။

မြန်မာနိုင်ငံရဲ့အလုပ်အကိုင်လောကနဲ့ဆက်စပ်နေတဲ့ အသိပညာဗဟုသုတအသစ်တွေ၊ ကျွမ်းကျင်မှု အသစ်တွေရရှိလိုစိတ်ထက်သန်တဲ့သူများအတွက် ဤအွန်လိုင်းလေ့လာသင်ယူမှုသင်ခန်းစာကို ဒီဇိုင်း ပုံဖော်ထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သင်ခန်းစာအားလုံးကို အများပြည်သူအတွက် ဖွင့်လှစ်ပေး ထားပါတယ်။ သင်ခန်းစာများလက်လှမ်းမီရရှိဖို့အတွက် သင်ကိုယ်တိုင်စာရင်းပေးသွင်းပေးနိုင်ပါတယ်။ ဒါ ပေမယ့်၊ နောင်တွင် တိုက်ရိုက်ထုတ်လွှင့်မှုသင်ခန်းစာအချို့ကို အိုင်အယ်(လ်)အို၏ မြန်မာနိုင်ငံမှာရှိတဲ့ အဓိက မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရအရာရှိများနဲ့ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များအတွက်ပဲ ကန့်သတ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရတာကတော့ သင်ခန်းစာအကြောင်းအရာ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေကြောင့်ဖြစ်ပါ တယ်။

နောက်ထပ်အသေးစိတ်အချက်အလက်တွေအတွက် စာရင်း‌ပြုစုထားတဲ့သင်ခန်းစာတစ်ခုချင်းစီကို ကြည့်ရှုပြီး၊ boyda@ilo.org ထံဆက်သွယ်ပါ။

အိုင်အယ်(လ်)ရဲ့အွန်လိုင်းသင်ခန်းစာတွေကို ဘယ်သူတွေက သင်ကြားပေးမှာလဲ။

သင်ခန်းစာတွေကို မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးမှာဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားပေးသူတွေထဲမှာ ဒေသကြီးနဲ့ ကမ္ဘာ့နေရာဒေသတွေမှာ အလုပ်သမားရေးရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိတဲ့ အိုင်အယ်(လ်)အိုရဲ့ ဝန်ထမ်းတွေပါဝင်လေ့ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်းဘယ်နေရာကမဆို သင်ခန်းစာတွေကို လေ့လာသင်ယူလို့ရနိုင်ပါသလား။

ဟုတ်ကဲ့။ ရနိုင်ပါတယ်။ သင့်အနေနဲ့မြန်မာနိုင်ငံရဲ့ဘယ်နေရာကပဲဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ဘယ်နေရာကပဲ ဖြစ်ဖြစ် အွန်လိုင်းသင်ခန်းစာတွေကို လက်လှမ်းမီနိုင်ပြီး လေ့လာသင်ယူလို့ရပါတယ်။ ဒါပေမယ့်၊ တိုက်ရိုက်ထုတ်လွှင့်တဲ့လေ့ကျင့်သင်ကြားမှုတွေနဲ့ပတ်သက်ပြီး ဦးစားပေးတဲ့သူတွေကတော့ အိုင် အယ်(လ်)အိုရဲ့မြန်မာနိုင်ငံမှာရှိတဲ့ အဓိကမိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကိုတော့ သတိပြုစေ လိုပါတယ်။ တိုက်ရိုက်ထုတ်လွှင့်သင်ကြားမှုတွေကို မြန်မာနိုင်ငံရဲ့စံတော်ချိန် (GMT + 6.30) အရ သတ်မှတ်သွားမှာဖြစ်တာကိုလည်း မှတ်သားစေလိုပါတယ်။ တစ်ချို့သင်ခန်းစာတွေကိုတော့ မျက်နှာချင်း ဆိုင်လေ့ကျင့်သင်ကြားမှုပုံစံနဲ့ ဖြည့်စွက်သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။

သင်ခန်းစာတွေက အခမဲ့ဖြစ်ပါသလား။

ဟုတ်ကဲ့။ အခမဲ့ဖြစ်ပါတယ်။ အာရှနဲ့ပစိဖိတ်ဒေသမှာ လူမှုဘေးအန္တရာယ်ကင်းရှင်းရေးကွန်ယက်တည် ဆောက်ခြင်းဆိုင်ရာ ဂျပန်အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှု (Government of Japan’s Fund for Building Social Safety Nets in Asia and Pacific (SSN Fund) အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ လက်ရှိအ ချိန်မှာ ဤအွန်လိုင်းလေ့လာသင်ယူမှုသင်ခန်းစာကို လေ့လာသင်ယူသူတွေအနေနဲ့ အခမဲ့သင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာတွေသင်ယူဖို့အတွက် ကျနော်/ကျမ အနေနဲ့နဲ့ ဘယ်လိုတန်ဆာပလာ/နည်းပညာ တွေလိုအပ် ပါသလဲ။

ဤအွန်လိုင်းသင်ခန်းစာကို အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ သို့မဟုတ် လက်(ပ)တော့နဲ့ အကောင်းဆုံးအနေအထားနဲ့ လက်လှမ်းမီသင်ယူနိုင်မှာဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုသင်ခန်းစာ တွေအတွက်ကတော့ ကင်မရာတစ်လုံး နဲ့ မိုက်ခရိုဖုန်း (ကွန်ပျူတာတွင်တစ်ပါတည်းပါရှိပြီးသား သို့မဟုတ် အခြားနည်းလမ်း) တို့လည်း လိုအပ်မှာဖြစ်ပါတယ်။ အွန်လိုင်းသင်ခန်းစာကို မိုဘိုင်းဖုန်းဖြင့် လည်းလေ့လာသင်ယူနိုင်ပါတယ်။ ဒါပေမယ့်၊ သင်ခန်းစာကြည့်ရှုလို့ရမယ့် internet browser မှာ ပေါ်လာ ဖို့လိုပါတယ်။

သင်ခန်းစာတစ်ခုပြီးဆုံးတဲ့အခါ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှာလား။

အွန်လိုင်းသင်ခန်းစာအများစုအတွက် အိုင်အယ်(လ်)အိုကအသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှာဖြစ်ပါ တယ်။ နောက်ထပ်အသေးစိတ်အချက်အလက်များနဲ့ တရားဝင်ထောက်ချက်နဲ့ပတ်သက်တဲ့စည်းကမ်း ချက်တွေပြည်မီတာနဲ့ပတ်သက်လို့ စာရင်းပြုစုဖော်ပြထားတဲ့သင်ခန်းစာတစ်ခုချင်းစီကို ကြည့်ရှုပါ။

အွန်လိုင်းသင်ခန်းစာမှာ သင်ခန်းစာအသစ်တွေကို ထပ်မံဖြည့်စွက်ပေးမှာလား။ ဖြည့်စွက်ပေးမယ်ဆို ရင် သင်ယူလေ့လာမှုအသစ်အတွက် အခွင့်အလမ်းရရှိဖို့ ဘယ်လိုရှာဖွေလို့ရနိုင်မလဲ။

ဟုတ်ကဲ့။ ထပ်မံဖြည့်စွက်ပေးမှာဖြစ်ပါတယ်။ လာမယ့်လတွေနဲ့နောက်ပိုင်းတွေမှာ အွန်လိုင်းသင်ခန်းစာ အသစ်အများအပြားထပ်မံဖြည့်စွက်သွားမယ့် အစီအစဉ်တွေရှိပါတယ်။ သင်ခန်းစာအကြောင်းအရာအ သစ်အတွက် ပုံမှန်ပြည်လည်စစ်ဆေးပြီး၊ ကျွန်ုပ်တို့ရဲ့အီးမေးလ်စာရင်းမှာ အကြောင်းအရာခေါင်းစဉ် New e-campus updates ကို ဖြည့်စွက်ရန်အတွက် သင့်ရဲ့အမည်၊ အဖွဲ့အစည်းအမည်နဲ့ yint@ilo.org ကိုဆက်သွယ်ပါ။

ကိုဗစ်-၁၉ ကပ်ရောဂါပြီးနောက်ပိုင်းမှာ ဤအွန်လိုင်းသင်ခန်းစာရရှိနိုင်ပါသလား။

ဟုတ်ကဲ့။ ရရှိနိုင်ပါတယ်။ ကပ်ရောဂါဖြစ်ပေါ်နေတဲ့အချိန်ကာလအတွင်းမှာ အရေးကြီးတဲ့အွန်လိုင်းလေ့ လာသင်ယူတဲ့အခွင့်အလမ်းတွေဖြည့်ဆည်းပံ့ပိုးပေးဖို့အတွက် အိုင်အယ်(လ်)အို (မြန်မာ) ရဲ့ အွန်လိုင်း‌လေ့ လာသင်ယူမှုသင်ခန်းစာအတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပေမယ့်၊ နိုင်ငံတစ်ဝှမ်းနဲ့ နိုင်ငံပြင်ပဒေသ တွေကလေ့လာသင်ယူသူတွေ ဆက်သွယ်လေ့လာသင်ယူနိုင်မယ့် ကုန်ကျသလောက်ထိရောက်မှုရှိသလို၊ အဆင်ပြေချောမွေ့ပြီး လက်လှမ်းမီနိုင်တဲ့ ဒီဂျစ်တယ်နည်းစနစ်အွန်လိုင်းလေ့လာသင်ယူမှုနည်းလမ်းကို ဖန်တီးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိုင်အယ်(လ်)အိုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုပြီးသိရှိနိုင်ဖို့ ဘယ်မှာရှာလို့ရနိုင် ပါသလဲ။

မြန်မာနိုင်ငံမှလုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အိုင် အယ်(လ်)အို ဝက်(ဘ)ဆိုကို ဝင်ရောက်ကြည့်ရှုပါ။ တစ်ကမ္ဘာလုံးရှိ အလုပ်အကိုင်လောကနဲ့ပတ်သက်ပြီး ပုံမှန်သတင်းတွေနဲ့ နောက်ဆုံးရသတင်းတွေနဲ့ပတ်သက်ပြီး အိုင်အယ်(လ်)အိုရဲ့ ဖေ့စ်ဘွတ်နဲ့ တွစ်တာ ပေါ်မှာ follow လုပ်လို့လည်းရပါတယ်။

ဒီနေရာမှာမဖြေဆိုရသေးတဲ့ မေးစရာမေးခွန်းရှိပါက၊ ဘယ်သူ့ကို ဆက်သွယ်လို့ရပါသလဲ။

ကျွန်ုပ်တို့ထံသို့ boyda@ilo.org ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။



နောက်ဆုံးပြုပြင်မွမ်းမံထားသည်: Friday, 10 June 2022, 6:46 PM