စီမံကိန်းအနေဖြင့် အလုပ်သမားဥပဒေ ပြန်လည်ဆန်းစစ်ရေးလုပ်ငန်းစဉ်များကို စီစဉ် ဆောင်ရွက်ရန်နှင့်/သို့မဟုတ် ယင်းလုပ်ငန်းစဉ်များတွင် အားတက်သရောပါဝင်ဆောင် ရွက်ရာတွင် သုံးပွင့်ဆိုင် မိတ်ဖက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကို အားကောင်း လာစေရန်၊ ဥပဒေများအား ရှေ့နောက်ညီညွတ်မှုရှိအောင်ရေးဆွဲဖော်ဆောင်ရာတွင် လုပ်သားစျေးကွက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များ တိုက်တက်မြင့်မား လာစေရန်နှင့် ဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို အပြည်ပြည်ဆိုင်ရာ လုပ်သမားရေးရာစံချိန်စံညွှန်းများနှင့် သေချာစွာကိုက်ညီမှုရှိအောင် ဆောင်ရွက်နေစဉ်မှာ ပင် အလုပ်သမားဥပဒေများအား ကျင့်သုံးစေရေးနှင့် လေးစားလိုက်နာမှုရှိစေရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ စီမံကိန်းသည် နည်းပညာဆိုင်ရာ သဘောထား မှတ်ချက်များ၊ နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများနှင့် အသိအမြင် မြှင့်တင်ရေး အစီအစဉ်များကိုလည်း ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးပါသည်။

ရည်ညွှန်း ID : MMR/18/50/JPN [ILO_REF]



နောက်ဆုံးပြုပြင်မွမ်းမံထားသည်: Friday, 18 December 2020, 7:03 PM