အိုင်အယ်(လ်)အို (မြန်မာ) ရုံး၏ အီလက်ထရွန်နစ်နည်းစနစ်ဖြင့် အဝေးသင်ပုံစံ လေ့လာသင်ယူခြင်းအစီအစဉ်သည် ဒီဂျစ်တယ်နည်းဖြင့် လေ့လာသင်ယူမှုတစ်ရပ် ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အိုင်အယ် (လ်)အို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုကျယ်ပြန့် သည့်အနေအထားဖြင့် ပါဝင်သက်ဆိုင်သူများအဖို့ လုပ်ငန်းခွင်ဆက်ဆံရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို လက်လှမ်းမီစေရေးအတွက် မြှင့်တင်ဆောင်ရွက်ခြင်းပင်ဖြစ် ပါသည်။ အိုင်အယ်(လ်)အို (မြန်မာ) သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ ဌာနေအစီအစဉ် (၂၀၁၈ - ၂၀၂၁) အတွင်းရှိ ဦးစားပေးအရာများအား တွန်းအားပေး ခြင်းအပေါ် ခိုင်မာစွာ အလေးထားအာ ရုံစိုက်လျက်၊ အီလက်ထရွန်နစ်နည်းစနစ်ဖြင့် အဝေးသင်လေ့လာသင်ယူခြင်းအစီအစဉ်သည် တစ်ဦးချင်း အဆင့်၊ အဖွဲ့အစည်း အဆင့်နှင့် စနစ်တကျစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအဆင့်များ ကို မြှင့်တင်ရေး အတွက် အီလက်ထရွန်နစ်နည်းဖြင့် ‌‌လေ့လာသင်ယူမှုအမျိုးမျိုးကို ပေါင်းစည်းပုံဖော် ထားသည့် သင်ခန်းစာများကို အသားပေးထည့်သွင်းထားပါသည်။


ဤဝက်(ဘ်)ဆိုက်ကို အာရှနှင့် ပစိဖိတ်ရပ်ဝန်းတွင် လုံခြုံသောလူမှုဝန်းကျင်တည်ဆောက်ရေး ဂျပန်နိုင်ငံရန်ပုံငွေ (ILO/Japan Fund for Building Social Safety Nets in Asia and the Pacific (SSN Fund))၏ ပံပိုးမှုဖြင့် အိုင်အယ်(လ်)အို (မြန်မာ) ရုံး၏ မြန်မာ့လုပ်သားစျေးကွက် အုပ်ချုပ်စီမံရေးဆိုင်ရာစီမံကိန်း (Labour Market Governance Programme) အတွက် အိုင်အယ်(လ်)အိုကိုယ်စား အိုင်အယ်(လ်)အို၏ နိုင်ငံတကာသင်တန်းကျောင်း (ITC-ILO) မှ အကောင်ထည်ဖော် ဆောင်ရွက်သည်။

  

နောက်ဆုံးပြုပြင်မွမ်းမံထားသည်: Thursday, 17 June 2021, 4:29 PM